ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးမြင့်အောင်ကို ၂၀၁၁ ခုနှစ်၊ မတ်လမှစ၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးအဖြစ် ခန့်အပ် ခဲ့ပါသည်။ ယခင်က ၂၀၀၉ ခုနှစ်တွင် ရန်ကုန်တိုင်းတရားရုံး၌ တိုင်းတရားသူကြီးအဖြစ် ခန့်အပ်ခြင်းခံရပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးမြင့်အောင်ကို ၁၉၅၂ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ၁၉၇၂ ခုနှစ်တွင် မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၌ စိတ်ပညာဘွဲ့ကို ရရှိခဲ့ပါသည်။ ၁၉၈၁ ခုနှစ်တွင် အထက်တန်းရှေ့နေ (HGP) လက်မှတ်ကို ရရှိခဲ့ပါသည်။ ၁၉၇၄ ခုနှစ်တွင် တရားရေးဌာနသို့ တရားရေး၀န်ထမ်းအဆင့် (၄) အဖြစ် စတင်၀င်ရောက်ခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး၊ တိုင်းဒေသကြီးတရားသူကြီးရာထူးအထိ ၃၅ နှစ်ကျော် တရားစီရင်ရေးအဆင့်ဆင့်တွင် တရားသူကြီးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့ ပါသည်။ ဦးမြင့်အောင်သည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပါသည်။
