ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး

Union Chief Justice Htun Htun Oo

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးကို ၂၀၁၁ ခုနှစ်၊ မတ်လမှစ၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါသည်။ ယခင်က ၂၀၀၇ ခုနှစ်၌ တရားရုံးချုပ်တွင် ဒုတိယတရားသူကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရပါသည်။

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးကို ၁၉၅၆ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ရန်ကုန် ၀ိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၌ ၁၉၇၈ ခုနှစ်တွင် ဥပဒေ၀ိဇ္ဇာဘွဲ့ (B.A. (Law)) နှင့် ၁၉၇၉ ခုနှစ်တွင် ဥပဒေဘွဲ့ (LL.B) တို့ကိုရရှိခဲ့ပါသည်။ စစ်ဥပဒေချုပ်ရုံးတွင် လက်ထောက်စစ်ဥပဒေချုပ်ရာထူးအထိ ၂၅ နှစ်ကျော် တာ၀န်ထမ်းဆောင်ခဲ့ပါသည်။ ဦးထွန်းထွန်းဦးသည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပါသည်။