ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးအောင်ဇော်သိန်း
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးအောင်ဇော်သိန်းကို ၂၀၁၁ ခုနှစ်၊ မတ်လမှစ၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးအောင်ဇော်သိန်းကို ၁၉၅၇ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ရန်ကုန် ၀ိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၌ ၁၉၇၈ ခုနှစ်တွင် ဥပဒေ၀ိဇ္ဇာဘွဲ့ (B.A (Law)) ၁၉၇၉ခုနှစ်တွင် ဥပဒေဘွဲ့ (LL.B) တို့ကို ရရှိခဲ့ပါသည်။ စစ်ဥပဒေချုပ်ရုံးတွင် လက်ထောက်စစ်ဥပဒေချုပ် ရာထူးအထိ ၂၅ နှစ်ကျော် တာ၀န်ထမ်းဆောင်ခဲ့ပါသည်။ ဦးအောင်ဇော်သိန်းသည် အိမ်ထောင်ရှင်တစ်ဦး ဖြစ်ပါသည်။
